• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment
Tuesday, September 1, 2015
Samsung Galaxy Note 5 အကြောင်း
Samsung ရဲ့ Galaxy Series တွေဟာဆိုရင် မြန်မာနိုင်ငံမှာ ရေပန်းစား လူကြိုက်များနေတဲ့ 
စမတ်ဖုန်းတွေပါတစ်နှစ်ကို တစ်မျိုးနဲ့ ပွဲထုတ်လာခဲ့တာ အခုဆိုရင် Note 5 အထိတောင် ရောက်ခဲ့ပါပြီ ။ Galaxy Note 5 ကိုတော့ လူကြီး လူငယ်မရွေးကြိုက်တဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းအသွင်အပြင်နဲ့ တောက်ပတဲ့ စတိုင်ရှိပါတယ်။ Note 5 ရဲ့ အသေးစိတ်အချက်အလက်များကို ကြည့်ကြရအောင်ဗျာ
Design & Display
အများက မျှော်လင့်ထားသလို Note 4 ထက်အနည်းငယ်ကြီးလာခြင်းမရှိဘဲ
 အရင် Note 4 ထက်တောင် သေးပြီး ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ လှပ ကျစ်လစ်မှုရှိပါတယ် ။ 
အရွယ်အစားကတော့ 153 mm x 76 mm ဖြစ်ပြီး အထူကတော့ 7.6mm ပဲရှိလို့ 
ယခင် Note 4 ထက် 9 mm လောက် ပါးလွှာသွားပါတယ်။ ဘေးဘောင်တွေကလည်း
 metal frame ဖြစ်ပြီးတော့ အနောက်ဖက်မှာ အကြမ်းခံလှတဲ့ Gorilla glass 4 ဖုံးအုပ်ထားပြီး 
အနောက်ဘက် ဒီဇိုင်းကတော့ အရင် Series တွေနဲ့ မတူတဲ့ ပုံစံမျိုးနဲ့ 
အစွန်းနှစ်ဖက်ခုံးပြီးတော့ လှပနေပါတယ်။ 
Phablet ဆိုပေမယ့် သာမန်ဖုန်းတစ်လုံးထက်ပင် ပေါ့ပါးနေပြီး 171g ပဲရှိပါတယ်။ 
အရောင်တွေကတော့ White , Black , Gold , Silver ဆိုပြီး လေးရောင်
resolution ကတော့ နောက်ဆုံးပေါ်ဖုန်း တွေအတိုင်း 2560x1440 (518ppi) ပါ
 ကြည်လင်ပြတ်သားပြီး ရုပ်ထွက်ကောင်းမွန်တဲ့ Quad HD အရည်အသွေးရှိလို့
 4K, 2K ရုပ်ရှင်ဗီဒီယိုတွေရဲ့ ရသအပြည့်ကိုလည်း ခံစားနိုင်မှာပါ။
 S pen ကလည်း Note5 ပုံစံအတိုင်း Metallic ပုံစံဖြစ်လာခဲ့ပြီး
 စွမ်းဆောင်နိုင်စွမ်းတွေပိုမိုပါဝင်ခဲ့ပါတယ်။
Processor & RAM
Note 5 ရဲ့ chipset ကတော့ Galaxy S6 မှာ တုန်းကလို Exynos 7420 ကိုပဲ အသုံးပြုထားပြီး 64bit processor ဖြစ်ပါတယ် CPU ရဲ့ အမြန်နှုန်းကတော့ 2.1 GHz quad-core (Cortex-A57) နဲ့ 
1.5 GHz quad-core (Cortex-A53) ပါဝင်တာကြောင့် HD Game တွေ ကစားခြင်း နဲ့ ကြီးမားလှတဲ့
Task တွေကို ဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ Note 4 တုန်းက RAM 3GB သာ ရှိခဲ့ပေမယ့် ယခု Note 5 မှာတော့ 4GB ကို upgrade လုပ်ထားခဲ့ပါတယ်။
Storage
Data တွေသိမ်းဖို့အတွက် 32GB , 64GB ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ် Note 5 မှာတော့ SD ကတ် ထပ်စိုက် အသုံးပြု၍ မရနိုင်တော့ပါဘူး ဒါပေမယ့်လည်း 64GB ဆိုတဲ့ ပမာဏဟာ business အတွက်
သုံးနေသူတွေအတွက်တောင် သင့်လျော်တဲ့ ပမာဏပါ ဘာဖြစ်လို့ SDကတ် 
ထပ်မစိုက်နိုင်တော့သလဲဆိုရင် OTG တွေနဲ့ အလွယ်တကူ ချိတ်ဆက်လာနိုင်တဲ့ 
အနေအထားဖြစ်လာလို့ပါပဲ ။
Camera
သာမန် ယူဇာတစ်ယောက်အနေနဲ့ ဖုန်းတစ်လုံး စတင်စမ်းသပ်ရင် Camera 
ကို ဖွင့်စမ်းသပ်လေ့ရှိပါတယ် ။ ဒီလိုစမ်းသပ်မှုအတွက်လည်း ကျေနပ်မှုအပြည့်အ၀ရစေမှာ 
အမှန်ပါ Back Camera က 16MP ပါဝင်ပြီး 4K video resolution ကိုတောင် 
ရိုက်နိုင်တယ်လို့ ဆိုထားပါတယ်။ Front camera က 5MP တောင်ပါတဲ့အတွက်
 Sefile ရိုက်သူတွေအတွက်လည်း တော်တော်လေးကို ကောင်းမွန်တာ
 တွေ့ရမှာပါ Camera ကိုတော့ အလွယ်တကူ အသုံးပြုနိုင်ဖို့ Home button ကို
 နှစ်ချက်နှိပ်ပြီး သုံးနိုင်အောင် လုပ်ထားပါတယ်။ ဒီ shortcut feature ကတော့
 Galaxy S6 မှာ ပါခဲ့ပြီးဖြစ်ပါတယ်။ Camera Professional တွေအတွက်လည်း
 Aperture က ပိုပြီး wide ဖြစ်လာပါတယ် ယခင် Note 4 က
f/2.0 ဖြစ်ပေမယ့် ယခု Note 5 မှာတော့ f/1.9 ထိ ကျယ်လာပါတယ်။ Youtube ကိုလည်း တိုက်ရိုက်
Live Broadcasting လုပ်နိုင်ပါတယ် ။
Battery
ယခုခေတ်အချိန်မှာ မိုဘိုင်းဖုန်းကို အမြဲလိုလိုသုံးဖြစ်နေသူတွေအတွက်
ဘက်ထရီအားခံမှုကလည်း အရေးပါလာပါပြီ အဲဒီအတွက် Note 5 က 
3000mAh ရှိတဲ့ ဘက်ထရီပါဝင်ပါတယ် ။ ဒီပမာဏဟာလည်း
ယနေ့ခေတ်စမတ်ဖုန်းတွေထဲမှာတော့ အသင့်လျော်ဆုံး ပါ ။ Galaxy Note 5 မှာ
 အထူးခြားဆုံးပါဝင်လာတာကတော့ Wireless Charging ပါ build-in ပါဝင်လာတာဖြစ်လို့ အရမ်းကို
အဆင်ပြေလှပါတယ် ပြီးတော့ အားသွင်းနှုန်းကလည်း အရမ်းကိုမြန်ဆန်ပြီး 0 ကနေ 100 ထိကို Cable နဲ့ အားသွင်းမယ်ဆို 90min အတွင်းပြည့်နိုင်ပြီး wireless charging စနစ်ဆိုရင်တော့ 120 min အတွင်း
ပြည့်နိုင်တယ်လို့ဆိုပါတယ် ဒီစနစ်ဟာတော့ အခြားဖုန်းတွေထက် 
သာလွန်လှတဲ့ စနစ်တစ်ခုလို့ဆိုရမှာပါ။
Software
Android lollipop 5.x.x ဖြစ်ပြီး အသစ်ထွက်ရှိလာတဲ့ Android M ကို လည်း Update ရရှိမှာဖြစ်ပါတယ်။
Other Features
ဝမ်းသာစရာတစ်ခုက Galaxy Note 5 က Dual sim အမျိုးအစားဖြစ်ပါတယ်
 ဒီတော့ ကျွန်တော်တို့မြန်မာနိုင်ငံက user တွေအတွက်ကတော့ တော်တော်လေး
 အဆင်ပြေစရာဖြစ်မှာပါ။ေ နာက်ထပ်အသစ်တွေကတော့ Fingerprint sensor က 
အရင်လို swipe လုပ်စရာမလိုတော့ဘဲ iphone
တွေမှာလို ထိလိုက်တာနဲ့ ဖတ်နိုင်မှာဖြစ်ပါတယ်။ Screenoff နေချိန်မှာလည်း
 pen ကိုထုတ်ပြီး note မှတ်သားနိုင်မှုကလည်း အချိန်ကုန်သက်သာစေမယ့် 
စနစ်သစ် တစ်ခုဖြစ်ပါတယ်။ Screenshot သမားတွေ
အတွက်ကလည်း Multi-page screenshot စနစ်ကြောင့် Webpage 
တစ်ခုလုံးကိုဖြစ်စေ Document အရှည် ကြီးတွေကိုဖြစ်စေ ကောင်းကောင်း ရိုက်နိုင်မှာဖြစ်ပါတယ်။
 UHQ လို့ခေါ်တဲ့ Audio System ပါဝင်လာတာကြောင့် အသံအရည်အသွေးမကောင်းမွန်သော Audio file တွေကိုတောင် ကြည်လင်စွာ နားထောင်နိုင်မှာပါ ။ နောက်တစ်ခုက SideSync ဖြစ်ပါတယ်။
 ကွန်ပြူတာနဲ့ ချိတ်ပြီးတဲ့အခါ ဖုန်းလုပ်ဆောင်ချက်များကို ကွန်ပြူတာကနေ လုပ်ဆောင်နိုင်ခြင်း၊ အချက်အလက်များ အလွယ်တကူ ကူးထည့်နိုင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ Samsung pay ကတော့ မြန်မာပြည်မှာတော့ အဆင်ပြေနိုင်မည်မဟုတ်ပါ တောင်ကိုးရီယားနဲ့ အမေရိကန် နိုင်ငံတွေအတွက်သာ အဓိက အသုံးဝင်မှာဖြစ်ပြီး မကြာမှီကာလအတွင်းမှာလည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ တိုးတက်လာမှာပါ။
သုံးသပ်ချက်
Galaxy Note Series ကိုင်နေသူတွေအတွက်တော့ အသဲစွဲစေမယ့် Note 5 ပါ ။ ဈေးနှုန်းအားဖြင့်လည်း 850000 ၀န်းကျင်ဖြစ်တာကြောင့် ဖုန်းရဲ့ specification တွေနဲ့စာရင် သိပ်မများဘူးလို့ ဆိုနိုင်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း S-pen ရဲ့ အသုံးဝင်မှုတွေက အများအပြားပါ။ Samsung ရဲ့ ပရိသတ်တွေအတွက် နောက်ဆုံးပေါ် Feature တွေနဲ့ အရည်အသွေး အပြင် ဒီဇိုင်းပါ ကောင်းမွန်လှတဲ့ 
Note 5 ကတော့ ကျေနပ်စရာဖြစ်မှာ အသေချာပါ။
0 comments:
Post a Comment