• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Friday, September 4, 2015

ပြည်တွင်း မိုဘိုင်းကွန်ရက် အော်ပရေတာများအား ဂြိုဟ်တု ဝန်ဆောင်မှုပေးရန် စီစဉ်

ပြည်တွင်း မိုဘိုင်းကွန်ရက် အော်ပရေတာများအား ဂြိုဟ်တုဝန်ဆောင်မှု ပေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သြဂုတ်လ ၃ ရက်က ပြုလုပ်ခဲ့သော O3b Networks workshop အခမ်းအနားတွင် 03b Network ၏ တာဝန်ရှိသူက ပြောသည်။

Mobile Network Operators (MNOs) များအား ဖိုက်ဘာစနစ် အသုံးပြုစရာမလိုဘဲ ဝန်ဆောင်မှုပေး သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဂြိုဟ်တုစနစ်ဖြင့် နိုင်ငံတကာ ဆက်သွယ်မှု (International Connectivity) ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“မနှစ်ကစာရင်းအရ မြန်မာနိုင်ငံမှာ ဖေ့ဘုတ်အသုံးပြုတဲ့သူ ငါးသန်းကျော်ရှိတယ်လို့ သိရပါတယ်။ အများဆုံးက မိုဘိုင်းဖုန်းကနေ အသုံးပြုတာလို့လည်း သိရပါတယ်။ O3b Networks အနေနဲ့ မိုဘိုင်းကွန်ရက် အော်ပရေတာတွေအတွက် ဆောင်ရွက်ပေးနိုင်ပါတယ်” ဟု ပြောကြားသည်။
အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းအော်ပရေတာများအတွက် အထောက်အပံ့ပေးနိုင်မည့် ဂြိုဟ်တုနည်းပညာများ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိပြည်တွင်း၌ ဆက်သွယ်ရေးကွန်ရက်အတွက် Sea Me We 3, Sea Me We 5 အစရှိသည့် ဖိုက်ဘာကေဘယ်လ် ကွန်ရက်များကို အသုံးပြုလျက်ရှိကြောင်း သိရသည်။

Credit internetjournal 

0 comments:

Post a Comment