ကမ္ဘာပေါ်က အထင်ကရနေရာစုံကို ဖုန်းထဲကနေ အပြင်မှာတကယ်သွားလာနေရသလို
လျှောက်သွားကြည့်လို့ရမယ့် Google Street View app ထွက်ရှိလာပါပြီ။ ဒီ app
လေးဟာ Android အတွက်တော့ထွက်ရှိထားတာနည်းနည်းကြာနေပြီဖြစ်ပေမယ့်
ယခုအခါမှာတော့ Android အတွက်ရော iOS အတွက်ရော Feature အသစ်တွေထပ်မံထည့်သွင်းပြီး
ထွက်ရှိလာတာပါ။

ကမ္ဘာ့နေရာအနှံက ကိုယ်သွားချင်တဲ့ အထင်ကရနေရာတွေ ၊ မြို့ကြီးတွေကို ဒီ
Street View app လေးထဲကနေ ၀င်ပြီး ၃၆၀ ဒီဂရီ View နဲ့ ဟိုဟိုဒီဒီလမ်း
လျှောက်ပြီးကြည့်ရှုနိုင်မှာပါ။ နောက်ပြီး ကိုယ် ကိုယ်တိုင်လည်း လက်ရှိ
ကိုယ်ရောက်နေတဲ့ရှုခင်း မြင်ကွင်းနေရာကို ဒီ Google Street View app
ကိုအသုံးပြုပြီး 360 Degree View နဲ့ရိုက် ၊ ပြီးရင် Google Maps ထဲမှာ
တိုက်ရိုက်ပြန်တင်နိုင်ပါတယ်။ တခြားသူတွေလည်း ကိုယ်ရောက်နေတဲ့နေရာကို
သူတို့ရဲ့ဖုန်းထဲကနေလာရောက်လည်ပတ်လို့ရတာပေါ့။

Google
Street View app ကို မိမိတို့ရဲ့ iOS , Android ဖုန်းတွေမှာ
စမ်းသပ်အသုံးပြုလိုသူများအတွက် အောက်က link များမှာ Download
ရယူနိုင်ပါမယ်။
credit-မောင်ပေါက်
0 comments:
Post a Comment