• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Wednesday, September 2, 2015

Lenovo A2010 သည် အိန္ဒိယ၏ ဈေးအသက်သာဆုံး 4G Smartphone ဖြစ်လာ

Lenovo က Android 5.1 Lollipop မောင်းနှင်ပြီး 4G Dual-SIM အသုံးပြုနိုင်သော တန်ဖိုးနည်း A2010 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါသည်။ အိန္ဒိယ ရူပီး ၄၉၉၀ သတ်မှတ်ထားပြီး Flipkart မှ ရောင်းချ မည် ဖြစ်သည်။ စက်တင်ဘာလ သုံးရက်တွင် စတင်၍ ကြိုတင်မှာယူနိုင်ပြီ ဖြစ်သည်။

Lenovo A2010 တွင် ၄.၅ လက်မ 480×854 Display , 1GB RAM, 8GB Storage, 1GHz MediaTek MT6735m 64-bit Quad-Core Chipset ထည့်သွင်းထားပါသည်။ 32GB အထိဝင်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။ 5MP Rear Camera, 2MP Front Camera တို့ ပါရှိပါသည်။ Dual-SIM GSM-GSM Smartphone ဖြစ်ပြီး 2000mAh Battery တပ်ဆင်ထားပါသည်။ Bluetooth 4.0 LE, Wi-Fi 802.11 b/g/n, FM radio တို့ ပါရှိပါသည်။

Credit to ==> Myanmar Digital Life Journal

0 comments:

Post a Comment