ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးပြုနေမှုမှာ အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်နေပြီး ၄င်းတို့ကို အစိုးရက ဘာကြောင့်လွှတ်ထားသလဲဟုဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်ခဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၂၂ ရက်က ရန်ကုန်တိုင်း ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့တွေမှာ ဒေသခံလူထုနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲအောင်နိုင်ရေးမဲဆွယ်စည်းရုံးဟောပြောခဲ့ပါတယ်။
‘ဘာသာရေးနဲ့နိုင်ငံရေးကို မရောယှက်ရဘူး။ ဘာသာရေးကို နိုင်ငံရေးအတွက် မသုံးရဘူးဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါပါတယ်။ အဲ့ဒီလိုလုပ်နေတဲ့သူတွေဟာဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တဲ့သူတွေကို အစိုးရအနေနဲ့ ဘာလို့လွှတ်ထားလဲဆိုတာမေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ပြည်သူလူထုက အများကြီးသတိထားရပါမယ်။ ပဋိပက္ခ ဖြစ်အောင် လုပ်နေတာလား။ ပြည်သူတွေရဲ့ကြားမှာ မတည်ငြိမ်အောင် လုပ်နေတာလား၊ဒါကြောင့်မို့လို့ ဒေါသကို ချုပ်တည်းပါ။ ’’ ကွမ်းခြံကုန်းမြို့နယ်မှာ ဒေသခံလူထုနှင့်တွေ့ဆုံကာ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံး ဟောပြောမှုမှာ သတိပေးပြောခဲ့ပါတယ်။

0 comments:
Post a Comment