• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Monday, September 7, 2015

ပုတီးကုန်း ၊ ဓါတု ၊ ညီမင်းညို နဲ့ ရန်ဆယ်လီယာ စာပေဟောပြောပွဲ

အမေရိကန် ပြည်ထောင်စု ၊ နယူးယောက်ပြည်နယ် ၊ အော်ဘာနီခရိုင် ၊ ရန်ဆယ်လီယာမြို့ မှာ စာရေးဆရာ ကဗျာဆရာတွေ ဖြစ်ကြတဲ့  မောင်စိန်ဝင်း (ပုတီကုန်း)၊ ဦးဘုန်း(ဓါတု) နဲ့ ညီမင်းညို တို့ ရဲ့  စာပေဟောပြောပွဲကို  စက်တင်္ဘာ (၇)ရက်နေ့ မှာ ပြုလုပ်ခဲ့ပါတယ်။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) က ပန်းတိုင် ခေါင်းစဉ်နဲ့ ဟောပြောပါတယ်။ အော်ဘာနီဆရာတော် ဦးက္ကုဿရိယ ရဲ့ တောင်းဆိုချက်အရ " အရိန္ဒမာသိပါစေ " ကဗျာကိုလည်း ရွတ်ဖတ်ခဲ့ပါတယ်။ အဲဒီနောက် ဆရာဦးဘုန်း(ဓါတု)မှ "လူတွေဘာနဲ့ နေထိုင်ကြလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပါတယ်။ ပရိတ်သတ်တဦးက အင်္ကျီကြယ်သီး လွဲနေတာကို ဥပမာ ထားပြီး၊ နေရာလွဲတာဟာ တန်းဖိုးမရှိဘူး ဆိုတဲ့ အကြောင်းကိုလည်း အလေးထား ပြောကြား ခဲ့ပါတယ်။ ဆက်လက်ပြီး ဆရာညီမင်းညို ကတော့ " အော်ဘာနီရောက် ကဗျာဆရာတယောက် " ခေါင်းစဉ်နဲ့ ဟောပြောပါတယ်။ မြန်မာတွေ မညံ့တဲ့ အကြောင်း ကဗျာ စာပေတွေ နဲ့ ရှင်းလင်းပြောဆို ခဲ့ပါတယ်။ အဆိုပါ စာပေဟောပြောပွဲ ကို ရန်ဆယ်လီယာရောက် မြန်မာနိုင်ငံသား တစ်ရာကျော် တက်ရောက် အားပေးခဲ့တာကိုလည်း တွေ့ ရပါတယ်။ credit-သစ်ထူးလွင်

0 comments:

Post a Comment