• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Monday, September 7, 2015

ချင်းတွင်းမြစ်ရေ မုံရွာမြို့တွင် စိုးရိမ်ရေ အမှတ်အထက်သို့ ဒုတိယ အကြိမ် ပြန် လည်ရောက်ရှိ

မုံရွာ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းတွင် သြဂုတ်လကုန်ပိုင်းက နေရာကွက်ပြီး မိုးကြီးခဲ့ရာ ချင်းတွင်းမြစ်ရေ ပြန်လည်မြင့်တက်လာကာ မုံရွာမြို့တွင် စက်တင်ဘာလ (၆)ရက်နေ့နံနက် (၉)နာရီတွင် မြို့၏ စိုးရိမ်ရေ အမှတ် (၁၀၀၀) စင်တီမီတာအထက် ကျော်လွန်ပြီး (၁၀၃၈) သို့ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဒုတိယအကြိမ် ကျော်လွန်လာမှုကြောင့် မုံရွာမြို့တွင် ရေဘေး ကာကွယ်ရေးနှင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင် ရန်ရေယာဉ်များ အသင့်ထားရှိခြင်း သဲအိတ်များစုဆောင်းခြင်း၊ ရေကင်းများ ချပြီးစောင့်ကြည့် လျက်ရှိသည်။

ရေဘေးကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကလည်း `` ချင်းတွင်းမြစ်ရေက အခုအကြိမ် နဲ့ဆို စိုးရိမ်ရေ အမှတ် အထက်ကကျော်တာ (၂)ကြိမ်ရှိပြီ၊ နောက်ပြီး ချင်းတွင်း အထက်ပိုင်း မြို့တွေ ဖြစ်တဲ့ မော်လိုက်၊ ဖောင်းပြင်မြို့တွေမှာ ရေက ဆက်တက်နေတော့ အဲဒီရေတွေ ဆင်းလာရင် နောက်ထပ် ရေတက်လာမဲ့ အခြေအနေမှာရှိတယ်။

ဒါကြောင့် ရေဘေးကာကွယ်ရေးအတွက် ရေကင်းစောင့်တာတွေကိုတော့ စက်တင်ဘာလ (၄)ရက်နေ့ ကတည်းကစတင်လုပ်ဆောင်နေပါတယ၊် သဲအိတ်စုဆောင်းတာတွေ၊ စိတ်မချရ တဲ့နေရာတွေကို သဲအိတ်ချတယ်။ ဒါ့အပြင် မုံရွာမြို့ တောင်ဘက်ပိုင်းမှာရှိတဲ့ မုံရွာ-အမြင့် ကားလမ်း အနောက်ဘက်ခြမ်းမှာ ရှိတဲ့ မြစ်ရေဝင်ရောက်နိုင်တဲ့ ကျေးရွာပေါင်း (၄၀)ကျော်ကို လည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ သဘာဝ ဘေး ဆိုတာ လူတွေအားလုံး မလွဲမသွေ ကြုံကြရတယ်လေ ကြိုတင်ကာကွယ်ထားတော့ ထိုခိုက်ဆုံးရှုံးမှုတွေ အတတ်နိုင် ဆုံး နည်းသွားတာပေါ့ ´´ဟု ပြောကြားခဲ့သည်။

မုံရွာမြို့ပေါ်နှင့် ချင်းတွင်းမြစ်ရိုးတစ်လျောက် ရေစိမ့်ဝင်နိုင်သည့် နေရာများတွင် ခရိုင်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ က မုံရွာမြို့နယ် တောင်ပိုင်း သစ် ဆိမ့်ကျေးရွာမှ မုံရွာမြို့ နယ် မြောက်ပိုင်း မရိုးတောကျေးရွာအထိ ရေကင်း(၂၄) ခုဖြင့် စောင့်ကြပ်လျက်ရှိကြောင်းနှင့် အရေးပေါ် ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန်အတွက် ရေယာဉ် (၃)စီးအား အသင့်စီစဉ်ထားကြောင်း သိရသည်။

(ဖိုးချမ်း-မုံရွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

0 comments:

Post a Comment