• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Thursday, September 10, 2015

ငှက်ဖျားရောဂါ (Malaria)

ငှက်ဖျားရောဂါသည် ခြင်ကိုက်ရာမှ ကူးစက်သည်။ ခြင်မကိုက်အောင် အတတ်နိုင်ဆုံး ကာကွယ်ပြီး ခြင်နှိမ်နှင်းရေး ဆောင်ရွက်လျင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်သည်။
ကူးစက်နည်း
===
ငှက်ဖျားပိုးပါသော ခြင်းကိုက်ခံရခြင်း
ငှက်ဖျားပိုးပါသော သွေးသွင်းမိခြင်း
မိခင်မှ သန္ဓေသားကို ကူးစက်ခြင်း
ငှက်ဖျားရောဂါသည် အသက်အရွယ်မရွေး၊ ကျား/မ မရွေးဖြစ်ပွားနိုင်ပြီး ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များတွင် ဖြစ်ပွားပါက ရောဂါပိုမိုပြင်းထန်နိုင်သည်။
ကာကွယ်နည်း
===
နေဝင်စအချိန်မှ ညအိမ်ရာထဲ မဝင်မီထိ
အဝတ်စားထူထူရှည်ရှည်ဝတ်ပါ။
ခြင်အကိုက်မခံရအောင် ယပ်ခတ်နေပါ။
ခြင်မကိုက်ဆေး လိမ်းပါ။
ညအိပ်ရာဝင်ချိန်တွင်
ခြင်ထောင် ထောင်အိပ်ပါ။
တတ်နိုင်ပါက ဆေးစိမ်ခြင်ထောင်သုံးပါ။ (သင့်ခြင်ထောင်ကို ဆေးစိမ်ပါ။)
ခြင်ပေါက်ဖွားမှုကို လျော့နည်းအောင် ဆောင်ရွက်ပါ။
>>> လူထုလှုပ်ရှားမှုအသွင်ဖြင့် ရွာအနီးရှိစိမ့်စမ်းချောင်းများ ရေစီးရေ လာ ကောင်းအောင် ဖောက်ထုတ်ပါ။
>>> စိမ့်စမ်းချောင်းများ၊ ရေစပ်တွင် ပေါက်နေသော အပင်ငယ်များသည် ပိုးလောက်လန်းခိုအောင်းနေနိုင်ပါ သဖြင့် ရှင်းလင်းပါ။
>>> ခြင်ပေါက်နိုင်သော ရေအိုင်များကို ဖြစ်နိုင်ပါက မြေဖို့ပါ။
>>> ရေတွင်းရေကန်များတွင် ပိုးလောက်လန်းစားငါး မွေးမြူပါ။
 
credit-စွယ်စုံကျမ်း

0 comments:

Post a Comment