• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Wednesday, August 19, 2015

♪ “MEC မှ တစ်မိနစ်ဖုန်းပြောခကို ၂၃ကျပ်၊ အင်တာနက်အသုံးပြုခကိုတစ်မိနစ် ၃ကျပ်သို့လျှော့ချ” ♫


မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC မှ အခြားအော်ပရေတာများသို့ ခေါ်ဆိုခကိုတစ်မိနစ်လျှင် ၂၃ ကျပ်နှင့် အင်တာနက်အသုံးပြုခကိုတစ်မိနစ် ၃ ကျပ်အဖြစ် သြဂုတ်လ ၁၀ ရက်နေ့မှ ပြောင်းလဲကောက်ခံ မည်ဖြစ်ကြောင်း သိရသည်။

ယခင်ကMEC Telဖုန်းအချင်းချင်းခေါ်ဆိုခကို တစ်မိနစ် ၃၅ ကျပ်သတ်မှတ်ခဲ့ပြီးယခုအချိန်တွင် တစ်မိနစ်လျှင် ၂၂ ကျပ်သာ သတ်မှတ်ကောက်ခံမည်ဖြစ်ကြောင်း ၊ MEC Tel ဖုန်းမှ အခြား အော်ပရေတာများ သို့ ခေါ်ဆိုခကိုယခင်တစ်မိနစ်လျှင် ၅၀ ကျပ်မှ ယခု ၂၃ ကျပ်သို့ လျှော့ချသတ်မှတ်လိုက်ကြောင်း တာဝန် ရှိသူက ဆိုပါသည်။

ထို့ပြင် အင်တာနက်အသုံးပြုခနှုန်းထားကိုလည်း ယခင်တစ်မိနစ် ၄ကျပ် ကောက်ခံနေရာမှ ယခုအခါ တစ်မိနစ်လျှင် ၃ကျပ်သာ ကောက်ခံတော့မည်ဖြစ်ပြီး၊ မက်ဆေ့ခ်ျတစ်စောင်အတွက် ၂၅ ကျပ် ကောက်ခံနေ ခြင်းကို ၂၀၁၅ ဇန်န၀ါရီ ၁၅ ရက်မှ စတင်လျှော့ချ ပေးခဲ့ကြောင်း ၊ ကတ်ပျောက်ကတ်ပျက်များအတွက်လည်း ယခုအခါကျပ် ၁၅၀၀ သာကျသင့်တော့မည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC ၏ MEC Tel CDMA 800MHz ဆင်းကတ်အသုံးပြုသူများအနေဖြင့် ၂၀၁၅ခုနှစ် ဇန်န၀ါရီ ၁၅ရက်နေ့မှစပြီး အင်တာနက်လျှောက်ထားမှုအတွက် အခမဲ့ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

0 comments:

Post a Comment