• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Saturday, August 15, 2015

ချယ်ရီ FM အသံလွှင့်ရုံလုပ်ငန်းတွေ ပိတ်ရမည်

ဦးတိုးနိုင်မန်းနဲ့ ပတ်သက်တဲ့ ချယ်ရီ FM ကို ပိတ်လိုက်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။

ချယ်ရီ FM ဟာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်တွေကို ဖောက်ဖျက်တယ်ဆိုပြီး အသံလွှင့် လုပ်ငန်းအားလုံးကို ပိတ်သိမ်းလိုက်ဖို့ ဒီကနေ့ နေပြည်တော်မှာ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောတာလို့ သိရှိရပါတယ်။

ရန်ကုန်မှာရှိတဲ့ ချယ်ရီ ၀န်ထမ်းတွေကိုလည်း ရုံးမတက်ခိုင်းတော့ဘူးလို့ သိရပြီး အသံလွှင့်ဌာနမှာ ၀န်ထမ်းအင်အား တစ်ရာကျော်လောက် ရှိပါတယ်။ ဗုဒ္ဓဟူးနေ့က ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဌအဖြစ်ကနေ ဖယ်ရှားခံရတဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရရွှေမန်းရဲ့သားဖြစ်သူ ဦးတိုးနိုင်မန်းဟာ Red Link အင်တာနက် ၀န်ဆောင်မှု ကုမ္ပဏီအပြင် ချယ်ရီ FM ကို ပိုင်ဆိုင်သူလည်း ဖြစ်တယ်လို့ သိရပါတယ်။

ချယ်ရီ FM ရဲ့ အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားတာက ဂြိုလ်တု signal မရတာကြောင့် ထုတ်လွှင့်မှုတွေကို ရပ်ဆိုင်းထားကြောင်း ဖေါ်ပြထားပါတယ်။

မနေ့က ဦးတိုးနိုင်မန်းကို RFA က မေးမြန်းရာမှာ ဒီကနေ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အစည်းအဝေးရှိကြောင်းနဲ့ လာမယ့်ရက်ပိုင်းမှာ ချယ်ရီ တည်ထောင်တဲ့ ၆ နှစ်ပြည့် တော့မှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ကြီးမှာ နာမည်ကြီး Iron Cross နဲ့ ၆ နှစ်ပြည့် အခမ်းအနား ကျင်းပဖို့ ပြင်ဆင်ထားတာတွေလည်း ရှိနေပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese

0 comments:

Post a Comment