• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Wednesday, August 12, 2015

ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်းအပြောင်းအလဲလုပ်

လက်ရှိ ပါတီဥက္ကဌအဖြစ်တာဝန်ယူနေတဲ့ သူရဦးရွှေမန်းကို ဖယ်ရှားလိုက်ပြီး ဦးဌေးဦးနဲ့ အစားထိုးလိုက်တယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ပြောပါတယ်။ ဦးမောင်မောင်သိန်းကိုလည်း ပါတီအထွေထွေအတွင်းရေးမှူး ရာထူးက ဖယ်ရှားလိုက်ပြီး အထွေထွေအတွင်းရေးမှူးအဖြစ် ဦးတင်နိုင်သိန်းကို ခန့်အပ်လိုက်ပါတယ်။ ဦးရွှေမန်းကိုဖယ်ရှားရတာနဲ့ပတ်သက်လို့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ချထားတဲ့ လမ်းကြောင်းအတိုင်း မလျှောက်လို့ လို့ အကြောင်းပြကြသလို ပါတီတွင်း ဦးသိန်းစိန်နှင့် စီအီစီများကို အသိမပေးဘဲ အာဏာရှင်ဆန်ဆန် လုပ်ဆောင်ခြင်းနှင့် ပါတီတွင်းစည်းလုံးညီညွတ်မှု ပျက်ပြားအောင် ဆောင်ရွက်ခြင်းတို့ကြောင့် ပါတီဥက္ကဌ ရာထူးက ဖယ်ရှားလိုက်တာလို့ဆိုပါတယ်။ BBCBURMESE ဩဂုတ်လ ၁၂ ရက်နေ့ညက နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ကို လုံခြုံရေးအင်အား ၂၀၀ လောက် ဝင်ရောက်လာခဲ့ပြီး ပါတီဌာနချုပ်ရှိ စာရွက်စာတမ်းတွေကို ထိန်းသိမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဒါဟာ ပါတီတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်တဲ့ အခြေအနေရှိနိုင်တယ်လို့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ သူရဦးရွှေမန်းဟာ အိမ်မှာပဲ မိသားစုနဲ့ ရှိနေတယ်လို့ သိရပါတယ်။

0 comments:

Post a Comment