• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Wednesday, August 26, 2015

မလေးရှားနိုင်ငံ၏ DiGi ဖုန်းများမှ မြန်မာနိုင်ငံ၏ Telenor ဖုန်းများသို့ ပြောဆိုခများ လွှဲပြောင်းရယူနိုင်

မလေးရှားနိုင်ငံ၏ DiGi ဖုန်းများမှ မြန်မာနိုင်ငံ၏ Telenor ဖုန်းများသို့ ပြောဆိုခများ လွှဲပြောင်းရယူနိုင်ရန် ဆောင်ရွက်လိုက်ကြောင်း Telenor Myanmar မှ သိရသည်။

ဖုန်းပြောဆိုခ သုံးထောင်ကျပ် သို့မဟုတ် ငါးထောင်ကျပ်ကို လွှဲပြောင်းရယူနိုင်ရန် ဆောင်ရွက်လိုက် ခြင်းဖြစ်ကြောင်း၊ မလေးရှားနိုင်ငံ DiGi မှ *128*1*7# သို့ ခေါ်ဆို လွှဲပြောင်းပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ငွေလွှဲခြင်းနှင့် ပတ်သက်၍ မလေးရှား DiGi ဖုန်းနံပါတ် 0162211800 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ ဖုန်းခေါ်ဆိုမည် ဆိုပါက ကုတ်နံပါတ် +၆၀ (၀၀၆၀) ဖြစ်ပြီး နှုန်းထားများအနေဖြင့် SMS တစ်စောင်လျှင် ၃၀ ကျပ်၊ လက်ခံခြင်း အခမဲ့၊ ဖုန်းခေါ်ဆိုမှု တစ်မိနစ်လျှင် ၂၀၀ ကျပ်၊ လက်ခံခြင်း အခမဲ့ သတ်မှတ်ထားသည်။

Credit  internetjournal


0 comments:

Post a Comment