• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Friday, August 21, 2015

၂၆ % ဟာ တပ်ကိုစော်ကားတာလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

 ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လာမယ့် ရွေးကောက်ပွဲမှာ ၂၆ ရာခိုင်နှုန်းလောက်သာနိုင်ရင်လည်း တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပေါင်းလိုက်ရင် ၅၁ ရာခိုင်နှုန်းရှိတဲ့အတွက် အစိုးရဖွဲ့နိုင်တယ်လို့ ပြောလိုက်တာဟာ ဘယ်ပါတီကပဲ ပြောပြော တပ်မတော်ကို ခါးပိုက်ဆောင်တပ်အဖြစ် ပြောလိုက်တာဖြစ်တဲ့ အတွက် စော်ကားရာ ရောက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်တိုင်း သန်လျင်မြို့ ကျိုက်ဒေးယုံဘုရားကွင်းမှာပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲမှာ တက်ရောက်လာသူတစ်ဦးက ပြည်ခိုင်ဖြိုးပါတီက အဲဒီလိုနိုင်ရင် အစိုးရဖွဲ့နိုင်သလားမေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကတိပေးနိုင်တာက ပြည်သူတွေအလိုမရှိရင် တွယ်ကပ်မနေဘဲ ထွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ နိုင်ငံရေးအတွေ့အကြုံရှိတဲ့ သူတွေသာမကဘဲ တတ်သိပညာရှင်တွေပါ ပြည်သူတွေအတွက် လိုအပ်တာကြောင့် ပြင်ပလူတွေကိုလည်း ထည့်သွင်း ရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကိုယ်စားလှယ်လောင်းအဖြစ် စီစစ်ခံခဲ့သလို ရန်ကုန်တိုင်း အရှေပိုင်းခရိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့လည်း တွေဆုံခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese

0 comments:

Post a Comment