• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Saturday, January 26, 2013

အပိုဒ်(၁)
လူတိုင်းသည် တူညီလွတ်လပ်သောဂုဏ်သိက္ခာဖြင့်လည်းကောင်း တူညီလွတ်လပ်သောအခွင့်အရေးများဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ထိုသူတို့၌ပိုင်းခြားဝေဖန်တတ်သောဥာဏ်နှင့်ကျင့်ဝတ်သိတတ်သောစိတ်ဓာတ်ရှိကြ၍ထိုသူတို့သည်အချင်းချင်းမေတ္တာထား၍ဆက်ဆံကျင့်သုံးသင့်၏။
အပိုဒ်(၂)
             လူတိုင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းတွင်ဖော်ပြထားသည့်အခွင့်အရေးအားလုံး လွတ်လပ်ခွင့်အားလုံးတို့ကိုပိုင်ဆိုင်ခံစားခွင့်ရှိသည်။လူမျိုးနွယ်အားဖြင့်ဖြစ်စေ အသားရောင်အားဖြင့်ဖြစ်စေ ကျားမသဘာဝအားဖြင့်ဖြစ်စေ ဘာသာစကားအားဖြင့်ဖြစ်စေ နိုင်ငံရေးယူဆချက်သို့တည်းမဟုတ်အခြားယူဆချက်အားဖြင့်ဖြစ် နိုင်ငံနှင့်ဆိုင်သော သို့တည်းမဟုတ်လူမှုအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ်အားဖြင့်ဖြစ်စေ ပစ္စည်းဥစ္စာဂုဏ်အားဖြင့်ဖြစ်စေမျိုးရိုးဇာတိအားဖြင့်ဖြစ်စေအခြားအဆင့်အတန်းအားဖြင့်ဖြစ်စေခွဲခြားခြင်းမရှိစေရ။ထိုအပြင်လူတစ်ဦးတစ်ယောက်နေထိုင်ရာနိုင်ငံ၏ သို့တည်းမဟုတ်နယ်မြေဒေသ၏နိုင်ငံရေးဆိုင်ရာဖြစ်စေ စီရင်ပိုင်ခွင့်ဆိုင်ရာဖြစ်စေ တိုင်းပြည်အချင်းချင်းဆိုင်ရာဖြစ်စေ အဆင့်အတန်းတစ်ခုခုကိုအခြေပြု၍သောလည်းကောင်း ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာအာဏာပိုင်လွတ်လပ်သည့်နယ်မြေ သို့တည်းမဟုတ်ကုလသမဂ္ဂထိန်းသိမ်းစောင့်ရှောက်ထားရသည့်နယ်မြေ သို့တည်းမဟုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာတို့တစ်စိတ်ဒေသလောက်သာရရှိသည့်နယ်မြေစသည်ဖြင့်ယင်းသို့သောနယ်မြေများဖြစ်သည် မဖြစ်သည်ဟူသောအကြောင်းကိုအထောက်အထားပြု၍သော်လည်းကောင်းခွဲခြားခြင်းလုံးဝမရှိစေရ။
အပိုဒ်(၃)
             လူတိုင်း၌ အသက်ရှင်ရန်လလွတ်လပ်မှုခွင့်နှင့်လုံခြုံစိတ်ချခွင့်ရှိသည်။
အပိုဒ်(၄)
            မည်သူ့ကိုမျှကျေးကျွန်အဖြစ် သို့တည်းမဟုတ်အစေအပါးအဖြစ် နိုင်ထက်စီးနင်းစေခိုင်းခြင်းမပြုရ လူကိုကျေးကျွန်သဖွယ်အဓမ္မစေခိုင်းခြင်း အရောင်းအဝယ်ပြုခြင်းနှင့်ထိုသဘောသသက်ရောက်သောလုပ်ငန်းဟူသမျှကိုပိတ်ပင်တားမြစ်ရမည်။
အပိုဒ်(၅)
             မည်သူ့ကိုမျှညှဉ်းပမ်းနှိပ်စက်ခြင်းသို့တည်းမဟုတ်ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသောဆက်ဆံမှုမပြုရ သို့တည်းမဟုတ်အပြစ်ဒဏ်ပေးခြင်းမပြုရ။
အပိုဒ်(၆)
             လူတိုင်းတွင် ဥပဒေအရာ၌လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့်အရာခပ်သိမ်းတွင်အသိအမှတ်ပြုခြင်းကိုခံယူပိုင်ခွင့်ရှိသည်။
အပိုဒ်(၇)
             လူအားလုံးတို့သည်ဥပဒေအရာ၌တူညီကြသည့်အပြင် ဥပဒေ၏အကာအကွယ်ကိုခြားနားခြင်းမခံရစေပဲတူညီစွာခံစားပိုင်ခွင့်ရှိသည်။ဤကြေညာစာတမ်းပါသဘောတရားများကိုဖီဆန်၍ခွဲခြားခြင်းမှလည်းကောင်း ထိုသို့ခွဲခြားခြင်းကိုလှု့ဆော်ခြင်းမှလည်ကောင်းကင်းလွတ်စေရန်အကာအကွယ်ကိုတူညီစွာခံစားပိုင်ခွင့်ရှိသည်။

0 comments:

Post a Comment