• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Sunday, January 27, 2013

လူ့အခွင့်အရေးကြေညာစာတမ်း

အပိုဒ်(၈)
            ဖွဲ့စည်းပုံဥပဒေကသော်လည်းကောင်း အခြားဥပဒေကသော်လည်းကောင်းလူတိုင်းအတွက်ပေးထားသည့်အခြေခံအခွင့်အရေးများသည်ချိုးဖောက်ဖျက်ဆီးခြင်းခံခဲရလျှင် ထိုသို့ချိုးဖောက်ဖျက်ဆီးသောပြုလုပ်မှုကြောင့်ဖြစ်ပေါ်လာသောနစ်နာချက်အတွက်ထိုသူသည်နိုင်ငံဆိုင်ရာအာဏာပိုင်တရားရုံးတွင်ထိရောက်စွာသက်သာခွင့်ရနိုင်စေရမည်။
အပိုဒ်(၉)
             မည်သူမျှဥပဒေအရမဟုတ်သောဖမ်းဆီးခြင်းကိုဖြစ်စေ ချုပ်နှောင်ခြင်းကိုဖြစ်စေပြည်နှင်ခြင်းကိုဖြစ်စေမခံစေရ။
အပိုဒ်(၁၀)
               အခွင့်အရေးများနှင့်တာဝန်ဝတ္တရားများကိုအဆုံးအဖြတ်ခံရာတွင်လည်းကောင်း ပြစ်မှုကြောင့်တရားစွဲဆိုစီရင်ဆုံးဖြတ်ရာတွင်လည်းကောင်း လူတိုင်းသည်လွတ်လပ်၍ဘက်မလိုက်သောတရားရုံး၏လူအများရှေ့မှောက်တွင်မျှတစွာကြားနာစစ်ဆေးခြင်းကိုတူညီစွာခံစားပိုင်ခွင့်ရှိသည်။
အပိဒ်(၁၁)
                လူအများရှေ့မှောက်၌ဥပဒေအတိုင်းစစ်ဆေး၍ပြစ်မှုကျူးလွန်သည်ဟုထင်ရှားစီရင်ခြင်းခံရသည့်အချိန်အထိပြစ်မှုနှင့်တရားစွဲဆိုခြင်းခံရသတိုင်းသည်အပြစ်မဲ့သူဟူ၍ယူဆခြင်းခံထိုက်သည့်အခွင့်အရေးရှိသည်။ထိုအမှုကိုကြားနာစစ်ဆေးရာတွင်စစ်ဆေးခံရသည့်ပြစ်မှုအတွက်ခုခံချေပနိုင်ရန်လိုအပ်သောအခွင့်အရေးများကို ထိုသူအားပေးပြီးဖြစ်စေရမည်။
လူတစ်ဦးတစ်ယောက်အားနိုင်ငံဥပဒေအရဖြစ်စေအပြည်ပြည်ဆိုင်ရာဥပဒေအရဖြစ်စေပြစ်မှုမမြောက်သောလုပ်ရပ် ပျက်ကွက်မှုအရစွဲဆိုအပြစ်ပေးခြင်းမပြုရ။ထိုအပြင်ပြစ်မှုကျူးလွန်စဉ်အခါကထိုက်သင့်စေနိုင်သောအပြစ်ဒဏ်ထက်ပိုမိုကြီးလေးသောအပြစ်ဒဏ်ကိုထိုက်သင့်ခြင်းမရှိစေရ။
အပိုဒ်(၁၂)
               မည်သူမျှမိမိသဘောအတိုင်းအေးချမ်းလွတ်လပ်စွာနေထိုင်ခြင်းကိုသော်လည်းကောင်းမိမိ၏မိသားစုကိုသော်လည်းကောင်းမိမိ၏နေအိမ်အသိုင်းအဝိုင်းကိုသော်လည်းကောင်းစာပေးစာယူကိုသော်လည်းကောင်း ဥပဒေအရမဟုတ်သောဝင်ရောက်စွက်ဖက်ခြင်းမခံစေရ။ထိုအပြင်မိမိ၏ဂုဏ်သိက္ခာကိုလည်းအထက်ပါအတိုင်းပုတ်ခတ်ခြင်းမခံစေရ။လူတိုင်းတွင်ထိုသို့ဝင်ရောက်စွက်ဖက်ခြင်းမှသော်လည်းကောင်းပုတ်ခတ်ခြင်းမှသော်လည်းကောင်းဥပဒေအရကာကွယ်ပိုင်ခွင့်ရှိသည်။

အပိုဒ်(၁၃)
               ၁။လူတိုင်းတွင်မိမိ၏နိုင်ငံနယ်နိမိတ်အတွင်း၌လွတ်လပ်စွာသွားလာရွှေ့ပြောင်းနိုင်ခွင့် နေထိုင်နိုင်ခွင့်ရှိသည်။
              ၂။လူတိုင်းသည်မိမိနေထိုင်ရာတိုင်းပြည်မှလည်းကောင်းအခြားတိုင်းပြည်မှလည်းကောင်းထွက်ခွာသွားပိုင်ခွင့်ရှိသည့်အပြင်မိမိ၏တိုင်းပြည်ကိုပြန်လာပိုင်ခွင့်ရှိသည်။
အပိုဒ်(၁၄)
၁။လူတိုင်းသည် ညှဉ်းပမ်းနှိပ်စက်ခံနေရခြင်းမှလွတ်ကင်းရန်အခြားတိုင်းပြည်များ၌အေးချမ်းစွာခိုလှုံနေထိုင်ခွင့်ရှိသည်။
၂။နိုင်ငံရေးနှင့်မပတ်သည့်ပြစ်မှုများမှသော်လည်းကောင်း ကုလသမဂ္ဂ၏အမှန်ပေါ်ပေါက်လာသောပြစ်မှုကြောင့်တရားစွဲဆိုခြင်းခံရသည့်အမှုခင်းများတွင်အထက်ပါအခွင့်အရေးများကိုအသုံးမပြုနိုင်စေရ။
အပိုဒ်(၁၅)
    ၁။လူတိုင်းသည်နိုင်ငံတစ်နိုင်ငံ၏နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်။
    ၂။ဥပဒေအရမဟုတ်လျှင်မည်သူမျှမိမိ၏နိုင်ငံသားအဖြစ်မှစွန့်လွတ်ခြင်းမခံစေရ။နိုင်ငံသားအဖြစ်ပြောင်းလဲနိုင်သောအခွင့်အရေးကိုလည်းငြင်းပယ်ခြင်းမခံစေရ။
အပိုဒ်(၁၆)
၁။အရွယ်ရောက်ပြီးသောယောက်ျားနှင့်မိန်းမတို့တွင်လူမျိုးကိုသော်လည်းကောင်း နိုင်ငံသားအဖြစ်ကိုသော်လည်းကောင်း ကိုးကွယ်သည့်ဘာသာကိုသော်လည်းကောင်းအကြောင်းပြု၍ချုပ်ခြယ်ကန့်သတ်ခြင်းမရှိပဲထိမ်းမြားနိုင်ခွင့်နှင့်မိသားစုထူထောင်နိုင်ခွင့်ရှိသည်။အဆိုပါယောက်ျားနှင့်မိန်းမတို့သည်လင်မယားအဖြစ်ပေါင်းသင်းနေစဉ်အချိန်အတွင်း၌သော်လည်းကောင်း အိမ်ထောင်ကိုဖျက်သိမ်း၍ကွာရှင်းကြသည့်အခါ၌လည်းကောင်း လက်ထပ်ပေါင်းသင်းအိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်းသောတူညီသည့်အခွင့်အရေးများကိုရရှိထိုက်သည်။၂။သတို့သားနှင့်သတို့သမီးတို့နှစ်ဦးနှစ်ဖက်၏လွတ်လပ်သောသဘောဆန္ဒရှိမှသာလျှင်ထိမ်းမြားခြင်းကိုပြုလုပ်ရမည်။
၃။မိသားစုတစ်ခုသည်လူ့အဖွဲ့အစည်း၏သဘာဝကျသောအခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်။ထိုမိသားစုသည်လူ့အဖွဲ့အစည်းနှင့်အစိုးရတို့၏ကာကွယ်စောင့်ရှောက်ခြင်းကိုခံယူပိုင်ခွင့်ရှိသည်။
အပိုဒ်(၁၇)
               လူတိုင်းတွင်မိမိတစ်ဦးခြင်းသော်လည်းကောင်း အခြားသူများနှင့်ဖက်စပ်၍သော်လည်းကောင်း ပစ္စည်းဥစ္စာတို့ကိုပိုင်ဆိုင်ရန်အခွင့်အရေးရှိရမည်။ဥပဒေအရမဟုတ်လျှင်မည်သူမျှမိမိ၏ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကိုစွန့်လွတ်ခြင်းမခံစေရ

0 comments:

Post a Comment