1948 ခုနှစ် ဒီဇင်ဘာလ1(10)ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံကြီးက လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြု၍ကြေညာလိုက်ရာ ထိုကြေညာစာတမ်းကြီး၏စာသားသည်နောက်စာမျက်နှာများတွင်အပြည့်အစုံပါရှိသည်။ဤကဲ့သို့ရာဇဝင်တင်မည့် ကြေညာချက်ကိုပြုလုပ်ပြီးနောက်ဤညီလာခံအစည်းအဝေးကြီးကကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးထိုကြေညာစာတမ်းကြီး၏စာသားကိုအများပြည်သူတို့ကြားသိစေရန်ကြေညာပါမည့်အကြောင်းကိုလည်းကောင်း ထိုအပြင်နိုင်ငံများသို့တည်းမဟုတ်နယ်မြေများ၏နိုင်ငံရေးအဆင့်အတန်းကိုလိုက်၍ခွဲခြားခြင်းမပြုပဲအဓိကအားဖြင့်စာသင်ကျောင်းများနှင့်အခြားပညာရေးအဖွဲ့များတွင် ထိုကြေညာစာတမ်းကိုဖြန့်ချိဝေငှစေရန် မြင်သာအောင်ပြသထားစေရန် ဖတ်ကြားစေရန်နှင့်အဓိပ္ပါယ်ရှင်းလင်းဖော်ပြစေရန် ဆောင်ရွက်ပါမည့်အကြောင်းဖြင့်လည်းကောင်း ဆင့်ဆိုလိုက်သည်။ ထိုကြောင့်အထွေထွေညီလာခံကအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကိုလူတိုင်း အဖွဲ့အစည်းတိုင်းသည်အစဉ်နှလုံးသွင်းလျှက်ကမ္ဘာတစ်ဝှမ်းလုံးတွင်အဆိုပါအခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကို ရိုသေလေးစားကြရန် ဆုံးမသွန်သင်ခြင်းဖြင့်အားထုတ်ရမည်ဟုလည်းကောင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်ထိုနိုင်ငံတို့၏အာဏာပိုင်အတွင်းရှိနယ်ပယ်ဆိုင်ရာတိုင်းသူပြည်သားများအားအဆိုပါအခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကိုကျယ်ကျယ်ပြန့်ပြန့်ထိရောက်စွာသိမှတ်ကျင့်သုံးစောင့်စည်းကြစေရန်ပြည်တွင်းပြည်ပဆိုင်ရာတိုးတက်သောဆောင်ရွက်ချက်များဖြင့်အားထုတ်ကြရမည်ဟုလည်းကောင်း ရည်ရွယ်ပြီးလျှင်လူ့အခွင့်ရေးဆိုင်ရာအပြည်ပြည်ဆိုင်ရာညြောစာတမ်းကိုနိုင်ငံခပ်သိမ်းလူခပ်သိမ်းတို့တပြေးညီဆောင်ရွက်နိုင်ကြစေသောငှာယခုထုတ်ပြန်ကြေညာလိုက်သည်။
Illustrator CC 2020 MasterClass သင်ခန်းစာများ
6 years ago















0 comments:
Post a Comment