• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Sunday, May 22, 2016

♪ အင်တာနက်သုံးစွဲသူများအားလုံး သိထားရတော့မယ့် ဆယ်သွယ်ရေးဥပဒေပါပုဒ်မများ ♫


အောက်ပါပြုလုပ်မှုများကို ကျူးလွန်ပါက 
ထောင်ဒဏ် သုံးနှစ် 
(သို့မဟုတ်) 
ငွေဒဏ် 
(သို့မဟုတ်) 
ဒဏ်နှစ်ရပ်လုံး
👉 ၆၆(ဂ) 
ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြု၍ ငွေကြေးနှင့်ပစ္စည်းတစ်ရပ်ရပ်ကို
ခိုးယူခြင်း၊ 
လိမ်လည်ခြင်း၊ 
အလွဲသုံးစားပြုခြင်း သို့မဟုတ် ပျက်စီးစေခြင်း။
👉 ၆၆(ဃ) 
ဆက်သွယ်ရေးကွန်ယက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ 
မတရားတားဆီးကန့်ကွက်ခြင်း၊ 
အသရေဖျက်ခြင်း၊
နှောင့်ယှက်ခြင်း၊
မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း။
============================
အောက်ပါပြုလုပ်မှုများကို ကျူးလွန်ပါက 
ထောင်ဒဏ် တစ်နှစ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး
👉 ၆၈ (က) 
မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သောသဘောဖြင့် ဆယ်သွယ်ခြင်း၊ 
ဖမ်းယူခြင်း၊ 
ပို့လွှင့်ခြင်း၊ 
ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း။
👉 ၆၈ (ခ) 
သတင်းအချက်အလက် ပို့လွှင့်ခြင်း၊ 
ဖမ်းယူခြင်း၊ 
ဆက်သွယ်ခြင်း၊ 
ပေးဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို ခွင့်ပြုချက်မရှိဘဲ တားမြစ်ခြင်း၊ 
တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း
Online ပေါ်မှာဆိုပြီး လျှော့မတွက်ပါနဲ့... 
They Are Watching You 👀
Credit to
Si Thu Shwe

0 comments:

Post a Comment